မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန အသိပညာပေးလှုပ်ရှားမှု
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန အသိပညာပေးလှုပ်ရှားမှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာ တိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်မျိုးနိုင်သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ (၁၂:၃၀) နာရီအထိ ကျောက်ဆည်မြို့နယ်၊ ပင်တလည်ကျေးရွာ၊ ဓမ္မာရုံ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းတွင် ကျေးလက်ဒေသနေ ရပ်မိ/ရပ်ဖ များနှင့် ကျေးရွာသူ/သားဦးရေ (၁၀၀)ဦးအားလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၅) ရက်နေ့၊ နေ့လည်(၃) နာရီမှ (၅:၃၀) နာရီအထိ ကျောက်ဆည်မြို့နယ်၊ သမန္တလင်းကျေးရွာ၊ ဓမ္မာရုံ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းတွင် ကျေးလက်ဒေသနေ ရပ်မိ/ရပ်ဖ များနှင့် ကျေးရွာသူ/သားဦးရေ (၇၀)ဦးအားလည်းကောင်း၊ “ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းလမ်းများ ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိ ပါသည်။