
29
Jun
တနင်္သာရီတိုးဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့်လှုပ်ရှားမှု
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုအနေဖြင့် အထိမ်းအမှတ်အခမ်းအနားများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး ဦးဆောင်သောအဖွဲ့သည် ၂၉.၆.၂၀၁၅ ရက်နေ့ နံနက် (၁၁:၅၀) အချိန် ထားဝယ်တက္ကသိုလ် ခန်းမဆောင်တွင် ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် ယဉ်ကျေးမှုဆိုင်ရာစာတမ်းဖတ်ပွဲအခမ်းအနား၌ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများ (၄၅၀) ဦးခန့်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများအား ဟောပြောခဲ့ကြောင်း ” သတင်းရရှိပါသည်။