
တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေ ရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၆-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းသည် ထားဝယ်မြို့နယ်၊ သတ္တုတွင်းဦးစီးဌာန၌လည်းကောင်း၊ ၁၇-၁-၂၀၁၉ ရက်နေ့ တွင် လက်ထောက်ဦးစီးမှူး ဦးသူရဇော်သည် ထားဝယ်မြို့နယ်၊ မူလွန်(ဇရစ်)ကျောင်း၌လည်း ကောင်း၊ ၂၁-၁-၂၀၁၉ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးဝင်းသည် ထားဝယ်မြို့၊ မူလွန် (ဆန်းချီ)ကျောင်း၌လည်းကောင်း၊ ၂၂-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးသည် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌လည်းကောင်း၊ ၂၃-၁-၂၀၁၉ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးဝင်းသည် ထားဝယ်မြို့နယ်၊ မူလွန်(ကူးတို့)ကျောင်း၌ လည်းကောင်း၊ ၂၅-၁-၂၀၁၉ ရက်နေ့တွင် လက်ထောက်ဦးစီးမှူး ဦးသူရဇော်သည် ထားဝယ် မြို့နယ်၊ မူလွန်(ဥဿရံ)ကျောင်း၌လည်းကောင်း၊ ၂၈-၁-၂၀၁၉ ရက်နေ့နှင့် ၂၉-၁-၂၀၁၉ ရက်နေ့တို့ တွင် ဒုတိယဦးစီးမှူး ဦးနေသော်တာညီညီနှင့် လက်ထောက်ဦးစီးမှူး ဦးကျော်ထွေးလှိုင်တို့သည် အ.လ.က(၉)(ဘုရားကိုင်)ကျောင်း၊ အ.လ.က(၁၀)(မြိတ်တောင်)ကျောင်း၊ အ.မ.က(မူလွန်) (ကြံတော)ကျောင်းနှင့် အ.မ.က(ပါရမီ) ကျောင်းတို့၌လည်းကောင်း၊ “သတ္တုတူးဖော်မှုဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုအမျိုးမျိုး နှင့် ပလတ်စတစ်ဆိုးကျိုးများ၊ ပတ်ဝန်းကျင်အကြောင်းသိကောင်းစရာနှင့် ယင်း၌ဖြစ်ပေါ်နေသော ပြဿနာများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာနေထိုင်ခြင်း” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၂၁၉၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”

