
ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ချင်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးယောရှိန်းထန်းသည် ၆-၁၁-၂၀၁၈ ရက်နေ့တွင် မင်းတပ်မြို့၊ စံပြရပ်ကွက်၊ အ.ထ.က(၁)ကျောင်း၌လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဦးထန်းလင်းအောင်သည် ၈-၁၁-၂၀၁၈ ရက်နေ့တွင် မင်းတပ်မြို့နယ်၊ လုပ်ရှဲကျေးရွာ၊ ရိုမန်ကက်သလစ် ဘုရားကျောင်း၌လည်းကောင်း၊ ၁၅-၁၁-၂၀၁၈ ရက်နေ့တွင် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၊ အ.ထ.က(၂) ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးမင်းနိုင်ထွန်းသည် ၁၆-၁၁-၂၀၁၈ ရက်နေ့တွင် ဟားခါးမြို့၊ အ.လ.က(ခွဲ)ချင်းဦးစီး၌လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းသည် ၁၆-၁၁-၂၀၁၈ ရက်နေ့တွင် စီမံကိန်း အစည်းအဝေးခန်းမ၌လည်းကောင်း “ကာဗွန်ထုတ်လုပ်မှု လျော့ချခြင်းနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒများ၊ သစ်တောသစ်ပင် ထိန်းသိမ်းရေး၊ သတ္ထုကဏ္ဍဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှင်းလင်းတင်ပြခြင်း” စသည့် ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပြီး စုစုပေါင်း (၈၇၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

