
07
Sep
ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။ ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြတ်ဝင်း ဦးဆောင်သောအဖွဲ့သည် ၇-၉-၂၀၁၆ ရက်နေ့ တွင် ဘားအံမြို့၊ အ.မ.က(၄) ၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၆) ဦး တက်ရောက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြတ်ဝင်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒုတိယဦးစီးမှူး ဒေါ်ရွှေအိမ်ပွင့်မှ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။