16
Jul

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန အသိပညာပေးလှုပ်ရှားမှု

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန အသိပညာပေးလှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွား လာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အထေွထွေအုပ်ချုပ်​ရေး ဦးစီးဌာနဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း One Stop Shop (ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း) လုပ်ငန်း၌ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့တွင် ဒီးမော့ဆို မြို့နယ်၊ လိုပူကျေးရွာအုပ်စု၊ ဒေါဆီအီးကျေးရွာခန်းမဆောင်၌ ဒေသခံပြည်သူ(၅၀)ဦးအား ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာ​အေး သည် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ”ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦး​ကျော်လင်းမောင်သည် “ကြွပ်ကြွပ်အိတ်အန္တရာယ်အကြောင်း သိကောင်းစရာများ”ကိုလည်းကောင်း အသိပညာပေး ဟောပြော​ခြင်း၊ ပညာပေး ဗီဒီယိုပြသခြင်းနှင့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။