
ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထု အကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာအေးနှင့် ဒုတိယဦးစီးမှူး ဦးဝင်းတို့သည် ၉-၁၁-၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀ နာရီမှ ၁၁:၀၀ နာရီ)အထိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဧက(၅၀၀) ရပ်ကွက်၊ လွိုင်ကော်မြို့၌၊ “ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ၊ ကလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့ ဘာသာရပ်” စသည့် ခေါင်းစဉ်အား ဟောပြောခြင်း၊ “ကြွပ်ကြွပ်အိတ်အန္တရာယ် အသိပညာပေး ဗွီဒီယိုပြသခြင်း”၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၃၀) ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

