
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ၁၆-၉-၂၀၂၅ ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၉)၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံအိုဇုန်းယူနစ်အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ လေအေးပေးစက်ဆိုင်ရာပညာရှင်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၃၆) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူမှ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သဝဏ်လွှာ Video ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Video၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး ၏ Memorial Video ပြသခြင်းအစီအစဉ်များဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများကလည်း အထိမ်းအမှတ်ပိုစတာစိုက်ထူခြင်း၊ ပြည်သူလူထုထံ ဖြန့်ဝေခြင်းကိုအိုဇုန်းအသိပညာပေးပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။